ဒစ်ဂျစ်တယ်ငွေကြေး အချက်အလက် လုပ်ငန်းတစ်ခုဖြစ်သည့် digitalbits ၏ မိခင်ကုမ္ပဏီဖြစ်သော Zytara LABS က စီးရီးအေကလပ် ရိုးမားအသင်းနှင့် ရင်ဘတ်စပွန်ဆာစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။
ယင်းစာချုပ်အရ ရိုးမားအသင်းသည် တစ်နှစ်လျှင် ယူရို (၃၅)သန်း ရရှိမည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာ (၃)နှစ်ရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်း ငွေကြေးပမာဏမှာ ရိုးမားအသင်း၏ သမိုင်းတွင် ရင်ဘတ်စပွန်ဆာအတွက် အမြင့်ဆုံးတန်ကြေးကို ရရှိခဲ့ခြင်းဖြစ်ပြီး Mourinho Effect ဟုလည်း မီဒီယာများက ရေးသားနေကြသည်။
ရိုးမားအသင်းသည် ကမ္ဘာကျော် မြို့ကြီးတစ်မြို့ဖြစ်သည့် ရောမမြို့အခြေစိုက် ကလပ်အသင်း ဖြစ်သလို၊ အသင်းကို မော်ရင်ဟို ရောက်ရှိလာခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များ၏ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်လာစေမည်ဖြစ်သည့်အတွက် digitalbits သည် ယင်းပမာဏအထိ ပေးချေရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
digitalbits သည် ရိုးမားအသင်း၏ အိမ်ကွင်း၊ အဝေးကွင်း၊ တတိယဝတ်စုံအားလုံးတွင် Logo တပ်ဆင်ခွင့်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
