ဘာစီလိုနာအသင်းတိုက်စစ်ပိုင်းတွင် မက်ဆီ၊ အဂွဲရိုးတို့နှင့် သဟဇာတဖြစ်ပြီး တွဲကစားနိုင်မည်ဟုယုံကြည်ကြောင်း ဒတ်ချ်တိုက်စစ်ကစားသမား ဒီပိုင်းက ထုတ်ဖော် ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဒီပိုင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လိုင်ယွန်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။
''မက်ဆီနဲ့ အတူတွဲကစားရတာဟာ အံ့ အားသင့်စရာကောင်းပါတယ်။ ဒါက ဖြစ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အသင်းအတွက်လိုအပ်တဲ့ အရည်အသွေးအတော်များများ သူ့မှာရှိပြီး ဒါကိုဝန်းရံကာ အရာရာတိုင်းကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ အသင်းမှာ အရည်အချင်းရှိသူ အမြောက်အမြားရှိပါတယ်။ သူနဲ့အတူတွဲကစားပြီး ဆုဖလားတွေရယူနိုင်ရင်တော့ ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားမှုတစ်ခုပါပဲ''ဟု ဒီပိုင်းက ပြောကြားခဲ့သည်။
ဒီပိုင်းက နည်းပြ ကိုးမန်းသည် သူ့အပေါ်လွှမ်းမိုးမှုရှိသည့် နည်းပြဟုလည်း မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဒီပိုင်းက အသင်းသစ်တွင် အားလုံးက ၎င်းကို နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း ပြောကြားခဲ့သည်။
ဒီပိုင်းက ''လူတိုင်းက ကျွန်တော့်အပေါ် ကြင်နာကြပါတယ်။ အဝတ်လဲခန်းမှာ အသင်းဖော်တွေရဲ့နွေးထွေးတဲ့ ကြိုဆိုမှုကို ရရှိခဲ့ပြီး အဲဒီအတွက် အရမ်းကိုသက်သောင့်သက်သာဖြစ်ရပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
