ဂျူဗင်တပ်စ်အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်နေသည့် အယ်လီဂရီက ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြရန် အခွင့်အရေးရခဲ့သော်လည်း ငြင်းဆန်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် နည်းပြ အယ်လီဂရီ၏သတင်းစာရှင်လင်းပွဲကို ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး အယ်လီဂရီက ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်ကို အခွင့်အရေးပေးတဲ့အတွက် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဂျူဗင်တပ်စ်အသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလပ်အသင်းကို ကျွန်တော် ချစ်ခင်မြတ်နိုးပါတယ်။ ပြီးတော့ လူငယ်တွေများတဲ့ ဒီအသင်းအပေါ် ယုံကြည်မှုလည်း ရှိပါတယ်။ ဒီလိုကစားသမားတွေကို နည်းပြခွင့်ရတာဟာ ကျေနပ်စရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်မှုရဖို့တော့ လိုပါတယ်။ ဒါက အရေးကြီးဆုံးအရာပါပဲ''ဟု အယ်လီဂရီက ပြောကြားခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သူ အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ ငါးရာသီကြာ ကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံဆု ငါးနှစ်ဆက်အပါအဝင် ဆုဖလား ၁၁ လုံးအထိ ရရှိခဲ့သည်။
ထို့ပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်ကြိမ်တိုင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲရာခိုင်နှုန်းအမြင့်ဆုံးနည်းပြအဖြစ် ၇၀ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် စံချိန်တင်ထားသူဖြစ်သည်။
အယ်လီဂရီသည် ၂၀၁၈ ခုနှစ်တွင်လည်း ရီးယဲလ်အသင်းမှကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
