Top News

မက်ဆီကို ဘာစီလိုနာတွင် ဆက်နေရန် ရော်နယ်လ်ဒင်ဟို တိုက်တွန်း
24htopnews | September 27, 2024 6:12 PM CST

ဘာစီလိုနာဂန္ထဝင်ကစားသမား ရော်နယ်လ်ဒင်ဟိုက အသင်းဖော်ဟောင်း မက်ဆီအား ဘာစီလိုနာအသင်းတွင် ဆက်နေရန်တိုက်တွန်းပြောကြားခဲ့သည်။ 

လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်းနှင့် (၅)နှစ်သက်တမ်းရှိ စာချုပ် သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ်ခဲ့ပြီဖြစ်ကြောင်း  ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် ရုန်းကန်နေရဆဲဖြစ်ပြီး လက်ရှိအချိန်ထိ တရားဝင်ကြေညာနိုင်ခြင်းမရှိသေးပေ။ 

ရော်နယ်လ်ဒင်ဟိုက "မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ဆက်နေရမှာပါ။ သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ဆက်ကစားပြီး သူ အနားယူသွားတဲ့အခါ ကျောနံပါတ်(၁၀)ဂျာစီကို ထာဝရအနားပေးအောင် လုပ်ခဲ့သင့်ပါတယ်"ဟု ဆိုခဲ့သည်။ 

မက်ဆီနှင့် ရော်နယ်လ်ဒင်ဟိုတို့သည် ဘာစီလိုနာအသင်းတွင် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ အတူတွဲဖက်ကစားခဲ့ကြသည်။


READ NEXT
Cancel OK