ရီးယဲလ်အသင်းသည် အသင်းနောက်ခံလူ ဗာရန်းအား မန်ယူအသင်းသို့ ရောင်းချရန်သဘောတူညီမှုရရှိခဲ့ပြီးနောက် PSG တိုက်စစ်မှူး ဘာပေကို ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ကြိုးပမ်းမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရီးယဲလ်အသင်းသည် အသင်း၏ပြစ်သစ်နောက်ခံကစားသမား ဗာရန်းကို Add-ons ကြေး အပါအဝင် ပေါင် (၄၂)သန်း(ယူရိုသန်း ၅၀ ဝန်း ကျင်)ဖြင့် ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။
ထို့ပြင် ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းခေါင်းဆောင်ဖြစ်သူ ရာမို့စ်နှင့် လမ်းခွဲခဲ့ခြင်းကြောင့် တစ်နှစ်လစာ ယူရို (၁၅)သန်းခန့် သက်သာခဲ့ကြောင်း သိရှိရသည်။
ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဩစတြီးယားနောက်ခံလူ အလာဘာတစ်ဦး တည်းကိုသာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားသည်။
ထို့ပြင် ရီးယဲလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပထိပ်တန်းအသင်းများအခက်တွေ့ခဲ့ရသည့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ရှင်းတမ်းတွင်လည်း ယူရို(၁)သန်းခန့် အမြတ်ရခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် PSG တိုက်စစ်မှူး ဘာပေကို ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိ်နေ ကြောင်း Marca က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းသည် ဘာပေကိုခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေခြင်းဖြစ်ကာ PSG အသင်းနှင့်ချုပ်ဆိုထားသည့် ဘာပေ၏လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း (၁၈၀)ဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
