ရီးယဲလ်အသင်းသည် အသင်းတိုက်စစ်မှူး ယိုဗစ်ကို ယူရို (၃၅)သန်းရလျှင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် အသက် (၂၃)နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်ကို ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဖရန့်ဖတ်အသင်းမှ ယူရိုသန်း (၆၀)ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ၎င်းသည် ရီးယဲလ်အသင်းတွင် နေရာရရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်ရာသီက အသင်းဟောင်း ဖရန့်ဖတ်တွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ရသည်။
ယိုဗစ်သည် ရီးယဲလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် ဆန္ဒရှိနေသော်လည်း ရီးယဲလ်အသင်းက ၎င်းကို ယခုနွေရာသီအပြောင်း အရွှေ့ကာလတွင် ရောင်းထုတ်လိုနေကြောင်း သိရသည်။
လက်ရှိတွင် ယိုဗစ်ကိုခေါ်ယူရန် အေစီမီလန်၊ အင်တာမီလန်နှင့် ဆမ်ဒိုးရီးယားအသင်းတို့က စိတ်ဝင်စားနေကြပြီး ရီးယဲလ်အသင်းသည် ၎င်းကို ယူရို(၃၅)သန်းရလျှင် ရောင်းထုတ်သွားဖွယ်ရှိနေကြောင်း Marca က ဖော်ပြခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
