ဒေါ့မွန်မှာ ဥရောပထိပ်တန်းအသင်းတစ်သင်းဖြစ်ကြောင်း မာလန် ပြောကြား
24htopnews | September 27, 2024 6:12 PM CST
ဒေါ့မွန်တိုက်စစ်ကစားသမားသစ် ဒွန်ယဲလ်မာလန်က ဒေါ့မွန်အသင်းမှာ ဥရောပထိပ်တန်းအသင်းတစ်သင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းသည် ဆန်ချိုနေရာတွင် အစားထိုးရန်အတွက် မာလန်(၂၂ နှစ်)ကို PSV အသင်းမှ ယူရိုသန်း(၃၀)ဖြင့် ခေါ်ယူကာ ၂၀၂၆ ခု နှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
ကစားသမား မိတ်ဆက်ပွဲတွင် မာလန်က မိမိအနေဖြင့် အကောင်းဆုံးများနှင့် ယှဉ်ပြိုင်ရန် မစောင့်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။
မာလန်က "ဒေါ့မွန်ဟာ ဥရောပထိပ်တန်းအသင်းတစ်သင်း ဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း တောင်းဆိုမှုများတဲ့အသင်းပါ။ အကောင်းဆုံးတွေနဲ့ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ပါဘူး"ဟု ဆိုခဲ့သည်။
မာလန်သည် PSV အတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ(၁၁၆)ပွဲတွင် (၅၅)ဂိုးသွင်ယူခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
