မန်ယူအသင်းသည် ယခုနွေရာ သီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ စီနီယာကစားသမားများအပါအဝင် ကစားသမား (၈)ဦးအထိကို ရောင်းချရန် စီစဉ်နေကြောင်း သိရှိရသည်။
ESPN သတင်းဌာနက ဖော်ပြခဲ့သောသတင်းအရ မန်ယူအသင်းသည် ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်၊ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်၊ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်၊ အင်္ဂလန်နောက်ခံလူ ဘရန်ဒန်ဝီလျံစ်၊ ပေါ်တူဂီနောက်ခံလူ ဒါလော့၊ ဘရာဇီးလ်နောက်ခံလူ အဲလက်စ်တဲလက်စ်၊ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်၊ ဘရာဇီးလ်ကွင်းလယ်လူ ပယ်ရဲရားတို့ကို ရောင်းချရန် စီစဉ်နေကြောင်း သိရှိရသည်။
မန်ယူအသင်း တာဝန်ရှိသူများသည် အသင်း၏ တိုက်စစ်ပိုင်းကို အဓိကအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေပြီး ဒန်နီယဲလ်ဂျိမ်းစ်၊ မာစီယဲလ်၊ လင်ဂတ်အစရှိသည့် ကစားသမားများ၏နေရာတွင် ကစားသမားသစ်များ ပြန်လည်ဖြည့်တင်းသွားမည်ဖြစ်သည်။
မန်ယူအသင်းသည် ၂၀၁၃ ခုနှစ် နောက်ပိုင်းဝေးကွာခဲ့သော ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူရန် ဆန္ဒပြင်းပြနေပြီး ကစားသမားသစ်များ ခေါ်ယူရာ၌ လိုအပ်မည့် ငွေကြေးအတွက် ယင်းကစားသမားများကိုရောင်းချရန် စီစဉ်ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
