Top News

ဂရီးလစ်ရှ်အား ကနဦးပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် မန်စီးတီး စီစဉ်နေပြီး ဗီလာအသင်းက ပေါင်သန်း (၁ဝဝ)အလိုရှိနေ
24htopnews | September 27, 2024 6:12 PM CST

မန်စီးတီးအသင်းသည် ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်အား ကနဦးပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်း ဖြင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။ 

မန်စီးတီးအသင်းသည် ဂရီးလစ်ရှ်အတွက် ပေါင်(၇၅)သန်းနှင့်အတူ ၎င်း၏ ပွဲထွက်ခွင့်၊ စွမ်း ဆောင်ရည်နှင့် အသင်းအောင်မြင်မှုအပေါ်မူတည်သည့် Add-ons ကြေး ထပ်မံပေးချေသွားမည်ဖြစ်ပြီး ဗီလာအသင်းကမူ ယင်းကမ်းလှမ်းမှုကို လက်ခံဖွယ်မရှိကြောင်း သိရှိရသည်။

    

ဗြိတိန်သတင်းစာ Daily Mail ၏ဖော်ပြချက်အရ ဗီလာအသင်းပိုင်ရှင်များသည် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂရီးလစ်ရှ်အား ဗြိတိန် စံချိန်တင်ကြေးဖြင့်သာ ရောင်းချရန် ဆန္ဒရှိနေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း (၁ဝဝ)အထိ အလိုရှိနေကြောင်း သိရှိရသည်။ 

လက်ရှိအချိန်တွင် ဗီလာအသင်းတာဝန်ရှိသူများသည် ဂရီးလစ်ရှ်အား လစာငွေများစွာတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိနေကြောင်းလည်း သိရှိရသည်။

    

ဂရီးလစ်ရှ်သည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီက မန်စီးတီးအသင်း၏ မြို့ခံပြိုင်ဘက် မန်ယူအသင်း၏ ပစ်မှတ်ထားမှုကို ခံခဲ့ရပြီး ပြီးခဲ့သည့် စက်တင်ဘာလကမှ ဗီလာအသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ထားသူလည်း ဖြစ်သည်။ 

မန်စီးတီးအသင်းသည် အသင်း၏ ကွင်းလယ်တွင် ကီဗင်ဒီဘရိုင်းနားနှင့် ဂရီးလစ်ရှ်ကို တွဲဖက်ကစားစေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။


READ NEXT
Cancel OK