
မေလဆန်းပိုင်းက ရွာသွန်းသော မုန်တိုင်းမိုးများဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုမှ တောင်သူများ မိုးဦးသီးနှံစိုက်ပျိုးမှု စတင်လျက်ရှိကြောင်း သိရသည်။
မေ ၇ ရက်မှ မေ ၉ ရက်အထိ မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်စသည့် မြို့နယ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ပုံမှန်မိုးဦးကျ မိုးရွာသွန်းရက်များနှင့် နီးကပ်နေပြီး မိုးအားကောင်းလွန်းခဲ့သောကြောင့် သီးနှံစိုက်ပျိုးခြင်းများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလို မိုးမျိုးတွေ မရွာတာကြာခဲ့ပါပြီ။ မိုးဦးကျချိန်မှာ မိုးခေါင်တဲ့နှစ်တွေများခဲ့တော့ ၀ါဆိုလလောက်မှ မြေပဲတွေစိုက်ကြတာက ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါပြီ။ အခုနှစ်တော့ မုန်တိုင်းမိုးကလည်း သည်းတယ်။ မုတ်သုန်ဝင်မယ့်ရက်ကလည်း နီးနေပြီဆိုတော့ မိုးဦးသီးနှံကို အများစုက စိုက်ကြတာပါ” ဟု နတ်မောက်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် မိုးဦးသီးနှံအဖြစ် မြေပဲကို အဓိက စိုက်ပျိုးလေ့ရှိပြီး နှမ်း၊ ပဲတီစိမ်းတို့ကိုလည်း စိုက်ပျိုးလေ့ရှိကြောင်း၊ ယခင်နှစ်က မြေပဲသိမ်းရာသီတွင် မြေပဲစျေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်