
မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် နှမ်းအနက်မျိုးစုံမှလွဲပြီး ဆီထွက်သီးနှံဖြစ်သည့် နှမ်းဖြူ၊ နမ်းညို မြေပဲဆန်အဖြူ၊ မြေပဲဆန်အနီတို့ကို တရုတ်ဝယ်လက်များက လောလောဆယ် ယာယီအဝယ်ရပ်နားထားကြသည်ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
“မြေပဲဆန်နဲ့ နှမ်းဖြူတို့ကို တရုတ်ဝယ်သမားတွေ ယနေ့(မေ ၉)အဝယ်ရပ်နားထားကြတယ်။ မနေ့က မြေပဲဆန်စျေးကျသွားပြီး ဒီနေ့တော့ အဝယ်ရပ်သွားကြတယ် ။ တရားဝင်အနေနဲ့ ကုန်သွယ်ရေးဌာနက တရားဝင်စာ မထွက်သေးဘူး။ ဒါပေမဲ့ လိုင်းပေါ်မှာတော့ မနေ့ညက ကြားသိရတယ်။ တရုတ်ဘက်က နှမ်းအနက်က လွဲပြီးတော့ တခြားသီးနှံဖြစ်တဲ့ နှမ်းဖြူ ၊နှမ်းညို ၊မြေပဲဆန်အဖြူ၊ မြေပဲဆန်အနီတို့ကို အိတ်စပို့စ် ပိတ်တယ်လို့ ကြားရလို့ အဲဒါကြောင့် ယနေ့ဆို ဒိုင်မှာ မြေပဲဆန်ကို တရုတ်လိုင်းသမားတွေ အဝယ်ရပ်သွားကြတယ်။ နှမ်းဖြူ နှမ်းညိုလည်းအဝယ် ရပ်သွားကြတယ်။ အိတ်စပို့စ် ယာယီပိတ်မယ် အသံကြားလို့ လုံးဝအဝယ်ရပ်သွားကြတယ်။ ယနေ့နှမ်းအနက်က တရုတ်အဝယ်သမားတွေ ဝယ်စျေးဖွင့်ကြတယ်။ ကျန်တာ စျေးအပြောင်းအလဲမရှိဘူး။ ကုလားပဲအုပ်စုဝင်ပဲတွေ စျေးပြန်မာတယ်။ V2 V7 ကုလားပဲတို့ကို အိန္ဒိယအဝယ်သမားတွေက ဝယ်နေလို့ စျေးကောင်းနေတယ်။ မတ်ပဲ၊ ပဲစင်းငုံစျေး စျေးအေးတယ်။ ပဲတီစိမ်းစျေးက မနေ့ကထက်စာရင် ယနေ့တစ်အိတ်ကို ကျပ် ၁၅၀၀ လောက် စျေးပြန်ကျနေတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
မန္တလေးကုန်စည်ဒိုင်သို့ အညာစပဲတီစိမ်းများ မတ္တရာ၊ စဉ့်ကူး ၊သဲတော၊ ကျောက်ဆည်၊ ကူမဲနယ်တို့မှ ဝင်ရောက်နေပြီး မိုးလွတ်ပြီး အရည်အသွေး ကောင်းသောကြောင့် အညာစပဲတီစိမ်း စျေးကောင်းရနေပြီး တရုတ်ဝယ်လက်နှင့် ရန်ကုန်ဝယ်လက်များ ဝယ်ယူနေကြောင်း၊ ကုလားပဲ အုပ်စုဝင်ပဲများလည်း ကုန်စည်ဒိုင်သို့ ဝင်ရောက်မှုရှိကြောင်း၊ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ သဲတော၊ စစ်ကိုင်း၊ မြင်းမူ၊ ကူမဲ၊ ဝမ်းတွင်းနယ်များမှ ဝင်ရောက်နေပြီး ထိုင်ဝမ်ကုလားပဲ ၉၂၉ ကုလားပဲ V2 ကုလားပဲတို့မှာ စျေးအေးပြီး အရောင်းအဝယ်အေးနေကြောင်း၊ ပဲခွဲစက်သမားများမှ အနည်းငယ်ဝယ်မှုရှိပြီး V7 ကုလားပဲကို အိန္ဒိယဘက်မှ ဝယ်ယူမှုရှိပြီး စျေးရနေကြောင်း၊ ကုန်စည်ဒိုင် ပဲစျေးကွက်သို့ ပြောင်းဖူးစေ့ဝင်ရောက်မရှိကြောင်း၊ ပြောင်းဖူးစေ့ကို ပြည်တွင်းတိရစ္ဆာန် အစားစပ်သမားနှင့်လှောင်လက်သမားတချို့သာ အနည်းငယ် ဝယ်ယူမှုရှိပြီး စျေးအေးနေကြောင်း ပဲစျေးကွက်တွင် ဝယ်ယူမှုများနေသည့် မြေပဲလုံးဆန်အနီ အဖြူတို့ကသာ၊ ထီးချိုင့်၊ ဗန်းမော်နယ်ဘက်မှ ဝင်ရောက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်