တပ်ကုန်းမြို့နယ်တွင် ရေစီးနှင့်မျောပါလာသည့် ဂါလံ ၆၄၀၀ ဆံ့ 92 ဓာတ်ဆီသံသိုလှောင်ကန်မှ ဆီခပ်ယူနေစဉ် မီးလောင်မှုဖြစ်ပွားပြီး ဆီခပ်သူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Future Star စက်သုံးဆီအရောင်းဆိုင်မှ ဂါလံ ၆၄၀၀ ဆံ့ 92 ဓာတ်ဆီသံသိုလှောင်ကန်သည် စက်တင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းက ဆင်သေချောင်း ရေစီးနှင့်မျောပါခဲ့ကြောင်း သိရသည်။
အဆိုပါစက်သုံးဆီအရောင်းဆိုင်နှင့် မိုင်ဝက်ခန့်အကွာ သောင်အစပ်တွင် သောင်တင်နေစဉ် သပြေချောင်းကျေးရွာနေ ကျပန်းလုပ်ကိုင်နေသူ ၁၂ ဦးတို့မှ စက်သုံးဆီသံကန်အားဖွင့်၍ စက်သုံးဆီခပ်ယူနေစဉ် ပွတ်တိုက်မှုဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီခတ်ယူသူ ၁၂ ဦးတို့မှာ မီးလောင်သည့်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် မီးလောင်နေသော စက်သုံးဆီကန်အား စက်သုံးဆီဆိုင် မန်နေဂျာနှင့် ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
