ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်းက မိမိအား ပေါင်သန်း(၁၅၀) ဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဆိုသောသတင်းများမှာ ကောလာဟလသတင်းများဖြစ်ရန်သာ မျှော်လင့်ကြောင်းနှင့့် မိမိအနေဖြင့် ဒေါ့မွန်အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ နော်ဝေတိုက်စစ်မှူးဟော်လန်းသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး ချယ်လ်ဆီးအသင်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အရခေါ်ယူရန် စီစဉ်နေကြောင်း ဥရောပမီဒီယာများက ဖော်ကြနေသည်။
ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဟော်လန်းကို ပေါင်သန်း (၁၅၀)ဖြင့် ခေါ်ယူရန်ပြင်ဆင်နေပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း ခွင့်ပြုထားပြီဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဒေါ့မွန်အသင်းနှင့် သြစတြီးယားနိုင်ငံတွင် လာမည့် ၂၀၂၁-၂၂ ရာသီအတွက် စခန်းဝင်လေ့ကျင့်နေသည့် ဟော်လန်းက ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးပြီး အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟော်လန်းက ''မနေ့က မတိုင်ခင်အထိ ကျွန်တော့် အေးဂျင့်နဲ့ စကားမပြောဖြစ်တာ (၁)လလောက် ရှိပါပြီ။ ကျွန်တော့်ကို ချယ်လ်ဆီးအသင်းက ပေါင်သန်း (၁၅၀) နဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေက ကောလာဟလတွေပဲဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတစ်ယောက်ကို အဲဒီလောက် ပေးခေါ်ဖို့ဆိုတာ များလွန်းနေလို့ပါပဲ။ ပြီးတော့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲဲ့စာချုပ်ကလည်း (၃) နှစ်သက်တမ်း ကျန်ရှိနေသေးပြီး ဒီအသင်းမှာ ကျွန်တော် ပျော်နေပါတယ်။ ဆုဖလားတွေရရှိဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုဖလားတွေကို ကျွန်တော် လိုချင်လို့ပါပဲ''ဟု ပြောကြားခဲ့သည်။
ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ယူရိုသန်း (၂၀)ဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲတွင် (၅၇)ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
