ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်နောက်ခံလူ ဘိုနူချီနှင့် နည်းပြ အယ်လီဂရီတို့အကြား တင်းမာမှုများရှိနေပြီး ယခုအချိန်တွင်လည်း အသင်းနည်းပြ အယ်လီဂရီက ဘိုနူချီကို အသင်းခေါင်းဆောင်လက်ပတ်ပေးနိုင်မည်မဟုတ်သည့်အကြောင်း လူသိရှင်ကြား ပြောကြားခဲ့ခြင်းအတွက် အခြေအနေက ပိုမိုတင်းမာနေပြီဖြစ်ကြောင်း Tuttosport က ဖော်ပြခဲ့သည်။
အယ်လီဂရီသည် ၎င်း ဂျူဗင်တပ်စ်အသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ်က အေစီမီလန်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့ဖူးသည့် ဘိုနူချီကို ဒေါသထွက်နေဆဲဖြစ်ပြီး ဘိုနူချီသည် အယ်လီဂရီ အသင်းတွင် မရှိတော့သည့်အချိန်တွင် ဂျူဗင်တပ်စ်သို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်သည်။
သူသည် အေစီမီလန်အသင်းထံသို့ ယူရို (၄၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြနိုင်ခဲ့သော်လည်း တစ်ရာသီသာ ကစားပြီးနောက် ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ဟီဂွါအင်နှင့် အလဲအထပ်အဖြစ် ဂျူဗင်တပ်စ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
ဘိုနူချီသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်း၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရဖူးသူဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ဘိုနူချီ၏ ဦးဆောင်မှုစွမ်းရည်နှင့် ဘောလုံးပေးပို့မှု အရည်အသွေးတို့ကို သဘောကျသဖြင့် အရခေါ်ယူချင်ခဲ့သော်လည်း ဘိုနူချီက ငြင်းပယ်ခဲ့ပြီး ရာသီဝက်ကာလတွင်မူ ရူဘင်ဒီယက်စ်ကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ဘိုနူချီနှင့် အယ်လီဂရီတို့အကြားတင်းမာမှုများကြောင့် ဘိုနူချီ၏ အနာဂတ်မှာ မရေမရာဖြစ်လာနိုင်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
အယ်လီဂရီကလည်း ''ဂျူဗင်တပ်စ်အသင်းမှာ ရှိနေတဲ့ အတွေ့အကြုံအရ ဒီဘားလားက လက်ထောက်အသင်းခေါင်းဆောင်ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘိုနူချီက ဂျူဗင်တပ်စ်ကို စွန့်ခွာသွားပြီးမှ ပြန်လာလို့ပါ။ ဒါကြောင့် သူ့ရဲ့ သက်တမ်းကို ပြန်လာတဲ့အချိန်က စတွက်ရမှာပဲ။ ဒီဘားလားနဲ့ ကျွန်တော် စကားပြောပြီးပါ ပြီ။ သူ့ရဲ့အရေးပါမှုကိုလည်း ရှင်းပြထားပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေကလည်း မမှန်ပါဘူး။ လက်ရှိ ဂျူဗင်တပ်စ်ရဲ့အသင်းခေါင်းဆောင်အဖြစ်တော့ ချီလီနီက ဆက်ရှိနေပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
