ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာ (၁၃) ရွာကို လျှပ်စစ်ဓါတ်အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး သာဝတ္တိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ပြုပြင်ပြီးစီးခဲ့ရာ ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော် လယ်ဝေးမြို့နယ်၌ စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သောကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေကြီးနစ်မြုပ်မှု ကျေးရွာများတွင် ပါဝင်သည့် လက်ပတန်း၊ ကြို့ပင်သာ၊ သစ်ခေါက်ခွ၊ ကြို့တန်း၊ ဆီဆုံကုန်း၊ ပေါက်မြိုင်၊ ရေလဲပေါက်၊ ဘို့ကိုးလုံး၊ ရေနီလေး၊ မြောင်းမြ၊ အင်ပင်တဲစု၊ နှစ်ဆောင်မြိုင်နှင့် ညောင်ပင်အိုင်ကျေး ရွာများတွင် စက်တင်ဘာ (၁၂)ရက်မှ စတင်၍ ဓါတ်အားပြတ်တောက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဓါတ်အားပြတ်တောက်ခဲ့ရသည့် ကျေးရွာများကို စက်တင်ဘာ (၁၆)ရက်မှ စတင်၍
ဓါတ်အားပြန်လည် ပို့လွှတ်နိုင်ရေးအတွက် သာဝတ္တိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ (၂၆) ရက်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ(၁၃) ရွာကို လျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများကိုလည်း ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင့် သာဝတ္တိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
