မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စား ပျက်စီးချို့ယွင်းခဲ့ရသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ ပုံမှန်အတိုင်း အမြန်ပြန်လည် ပြေးဆွဲနိုင်ရေး ရထားလမ်းများ၊ တံတားများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ စနစ်တကျ ပြန်လည်ပြုပြင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မှာကြားလိုက်သည်။
ဒုဝန်ကြီးသည် စက်တင်ဘာ (၂၅)ရက်က တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သဲတော- သပြေတောင်းအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်များနှင့် ရထားလမ်းတံတားနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စမုံ-သပြေတောင်းအကြား ပျက်စီးချို့ယွင်းခဲ့သည့် တံတားအမှတ် ၆၉၁ ၏ အဆန်တံတား ချဉ်းကပ်တာပေါင်၊ ကမ်းကပ်ခုံရေတိုက်စားမှုနှင့် Bored Pile များ အောက်ခြေတွင် ရေတိုက်စားခံရမှု ရှိ/ မရှိ အခြေအနေကိုလည်း ဒု-ဝန်ကြီးက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ကောင်းမွန်အောင် စနစ်တကျပြုပြင်ရန်၊ လိုအပ်သည့် ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင် ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျပြန်လည်အသုံးပြုရန်လည်း ဒုတိယဝန်ကြီး က မှာကြားခဲ့သည်။
လက်ရှိတွင် လမ်းပိုင်းပြုပြင်ပြီးစီးသည့် အခြေအနေများအရ စက်တင်ဘာ (၂၁)ရက်မှ စတင်၍ ရန်ကုန် – သာစည်၊ သာစည် – ရန်ကုန် လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
