မြန်မာနိုင်ငံ၌ ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) တွင် လန်ချန်း-မဲခေါင် သစ်သီးပွဲတော်ကိုပထမဆုံးအကြိမ်ကျင်းပခဲ့သည်။
အဆိုပါပွဲတော်ကို Wyndham Grand Yangon ၌ ကျင်းပခဲ့ပြီး လန်ချန်း-မဲခေါင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ်စီးပွားရေး ကိုယ်စားလှယ်ရုံးမှ ဦးဆောင်တာဝန်ယူမှုဖြင့် မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းမှ ပူးပေါင်းကာ တရုတ်ပြည်မှ သက်ဆိုင်ရာလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ မြန်မာနိုင်ငံတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
” သစ်သီးဝလံဆိုင်ရာ Import Export လုပ်သူတွေ သီးနှံစိုက်ပျိုးရေး အဖွဲ့အစည်းတွေနဲ့ Logistic Company တွေပါတယ်။ တရုတ်ဘက်ကလုပ်ငန်းရှင် ၃၈ ယောက်နီးပါးနဲ့ မြန်မာဘက်က လုပ်ငန်းရှင် ၄၀ ကျော်လောက်ပါတယ်။ မြန်မာပြည်နဲ့ယူနန်ပြည်ရဲ့ကုန်သွယ်မှုပိုင်းဆိုင်ရာဖလှယ်တဲ့ပွဲပါ။ အဓိကတော့ အသီးအနှံရှာသူနဲ့ ရောင်းသူကိုချိတ်ဆက်ပေးတဲ့ Match-making ပွဲပေါ့ “ဟု မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားရေးကိုယ်စားလှယ်ရုံးမှ ဦးမောင်မောင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ယူနန်ပြည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအသင်းအဖွဲ့နှင့် မြန်မာပြည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အဆိုပါ လန်ချန်း-မဲခေါင် သစ်သီးပွဲတော်ကို တရုတ်ပြည်၌ နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံဘက်၌ ပထမဆုံးအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။














-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
