မွန်ပြည်နယ် ပေါင်မြို့နယ် ပေါက်တောကျေးရွာရှိ ရေမြောင်းအတွင်း သေနတ်ဒဏ်ရာအပြင် ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်လောင်းအား စက်တင်ဘာလ (၂၆) ရက်နေ့ မွန်းတည့်ချိန်က တွေ့ရှိခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ ပေါက်တောကျေးရွာရှိ ရေမြောင်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား လယ်သမားတစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူက တံခွန်တိုင်ကျေးရွာက အသက် (၂၃) နှစ်အရွယ် မောင်ငဖြိုး ဆိုသူလို့ သိရတယ်။ ဦးခေါင်းမှာကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်နဲ့သေဆုံးနေတာပါ။ အဲ့ဒီအပြင်ကို မျက်နှာမှာလည်း အညိုအမဲဆွဲနေတော့ သူ့ကိုမသတ်ခင်မှာ နှိပ်စက်ခံထားရတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဘယ်နေ့က အသတ်ခံခဲ့ရလဲ့တော့ တိတိကျကျမသိဘူး။ တစ်ရက်နှစ်ရက်လောက်တော့ရှိပြီးထင်တယ်” ဟု ပြောကြားသည်။
သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသူ ငဖြိုး ဆိုသူ၏ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရေမြောင်းအတွင်းမှ ဆယ်ယူပြီးနောက် နီးစပ်ရာဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
လတ်တလော မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းကလည်း မုဒုံမြို့နယ် ကွမ်လှာကျေးရွာနေ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အသက် (၃၄) နှစ်အရွယ် ကိုအောင်ချို ဆိုသူမှာလည်း ညာဖက်နားထင်ကျည်ဖောက်ဝင်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် စင်တင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းကလည်း မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ရွာကြီးပိုင်းနေ သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးမဖြစ်သူ ဒေါ်သင်းသင်းမြတ် နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့နှစ်ဦးကို ပြည်သူ့ဘက်တော်သား UG ဆိုသည့် အဖွဲ့မှ လာရောက်လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ (၁၈) ရက်နေ့ကလည်း မုဒုံမြို့နယ် ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ဦးကျော်နိုင် (ခ) အပစ် ဆိုသူမှာလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသေးကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့ကလည်း မုဒုံမြို့နယ် နှီးပဒေါကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးအောင်မင်းနိုင် နှင့် သားဖြစ်သူ မောင်သူရအောင် တို့ သားအဖနှစ်ဦးမှာလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
