မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အိုမာဘာရာဒါက ၂၀၂၈ ခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီး ယားလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း ချန်ပီယံဆုကို ၂၀၁၂-၁၃ ရာသီတွင် နောက်ဆုံးရရှိခဲ့သည့်အတွက် ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သည်။
မန်ယူအသင်းသည် ဂန္ထဝင်နည်းပြ ဖာဂူဆန်နှင့် လမ်းခွဲပြီးနောက်ပိုင်း ချန်ပီယံဆုနှင့် ဝေးကွာနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် အဆင့်(၈)နေရာအထိ ရောက်ရှိခဲ့သည်။
ထို့ကြောင့် လက်ရှိအနေအထားအရ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် မလွယ်ကူသေးကြောင်း သုံးသပ်မှုများရှိနေသော်လည်း အိုမာဘာရာဒါက ၂၀၂၈ ခုနှစ်၌ ချန်ပီယံဆု ပြန်လည်ရယူနိုုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ၁၈၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သောကြောင့် ၂၀၂၈ ခုနှစ်တွင် အသင်းတည်ထောင်မှု နှစ်(၁၅၀)ပြည့် မြောက်မည်ဖြစ်သည်။
ထို့ကြောင့် ယင်းနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားခြင်းဖြစ်ပြီး အကောင်အထည် ဖော်နိုင်ရန် ပစ်မှတ်ထားပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အိုမာဘာရာဒါက လက်ရှိနည်းပြ တန်ဟက်ဂ်အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
