မန်စီးတီးအသင်းသည် အစ်ဝစ်ချ်အသင်းထံ အငှားချထားသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့သည့် စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို ရာသီကုန်အထိ အနားပေးရဖွယ်ရှိနေသည့်အတွက် ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် အခြားကစားသမားများကို ဇန်နဝါရီမှသာ ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ကယ်လ်ဗင်ဖီးလစ်ကိုမူ ပြန်လည်ခေါ်ယူနိုင်သည့် အခွင့်အရေးရှိနေကြောင်း သိရသည်။
အသက် (၂၈) နှစ်အရွယ်ရှိ ကယ်လ်ဗင်ဖီးလစ်သည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိဒ်စ်အသင်းမှ မန်စီးတီးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၄၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
သို့သော် ကယ်လ်ဗင်ဖီးလစ်သည် မန်စီးတီးအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဝက်စ်ဟမ်အသင်းထံ အငှားသွားရောက်ကစားခဲ့ရသလို၊ ယခုရာသီတွင်လည်း အစ်ဝစ်ချ်အသင်းထံ အငှားချခံထားရခြင်းဖြစ်သည်။
မန်စီးတီးပရိသတ်များကလည်း အသင်းနှင့် ဆုဖလားများ ရရှိဖူးသည့် ကယ်လ်ဗင်ဖီးလစ်အား ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် ပြန်လည်ခေါ်ယူရန် လူမှုကွန်ရက်တွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
