Top News

■ ပိုလန်ဂိုးသမား ဆဇက်စနီ ဘာစီလိုနာသို့ ရောက်ရှိရန် နီးစပ်နေ
24htopnews | September 27, 2024 7:12 PM CST

ပိုလန်လက်ရွေးစင်ဂိုးသမားဟောင်း ဆဇက်စနီသည် ဘာစီလိုနာအ သင်းသို့ရောက်ရှိရန် နီးစပ်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဂျာမန်ဂိုးသမား စတီဂန်ကို ကာလရှည်အနား ပေးရမည်ဖြစ်သည့်အတွက် ဂိုးသမားသစ်ခေါ်ယူရန် စီစဉ်နေရာ ကစားသမားဘဝမှ အနားယူထားပြီဖြစ်သည့် ဆဇက်စနီကိုခေါ်ယူနိုင်ရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်း၏ ဂိုးသမားလိုအပ်ချက်ကြောင့် ကစားသမားဘဝမှအနားယူထားပြီးဖြစ်သည့် ဂိုးသမားများစွာက ၎င်းတို့၏ ဆုံးဖြတ်ချက်ကိုပြင်ဆင်ကာ ဘာစီလိုနာအသင်းနှင့် လက်တွဲရန် ဆန္ဒရှိခဲ့ကြသည်။ 

ယင်းတို့အနက် ဘာစီလိုနာအသင်းက အာဆင်နယ်နှင့် ဂျူဗင်တပ်စ်ဂိုးသမားဟောင်း ဆဇက်စနီကို ရွေးချယ်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ဆေးစစ်မှုပြုလုပ်၍ အောင်မြင်ခဲ့ပါက ရာသီကုန်အထိ စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ 

ရီးယဲလ်အသင်း၏ ဂိုးသမားဟောင်း ဒူဒက်ခ်ကမူ ဆဇက်စနီ(၃၄ နှစ်)သည် စတီဂန်ထက်ပင် ပိုမိုကောင်းမွန်သည့် ဂိုးသမားဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။


READ NEXT
Cancel OK