အေစီမီလန်အသင်းသည် ပြင်သစ်ဂိုးသမား မီနွန်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
မီနွန်သည် အေစီမီ လန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး အေစီမီလန်အသင်းက ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
စာချုပ်သစ်အရ မီနွန်သည် အေစီမီလန်အသင်းတွင် တစ်နှစ်လစာ ယူရို(၇)သန်းဝန်းကျင်အထိ တိုးမြင့် ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၉)နှစ်အရွယ်ရှိ မီနွန်သည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုင်လီအသင်းမှ PSG အသင်းထံသို့ ယူရို (၁၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် အေစီမီလန်အသင်းအတွက် (၃) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၁၁၆) ပွဲအထိ ကစားထားပြီး အသင်း၏အဓိကဂိုးသမားအဖြစ် ရပ်တည်လျက်ရှိသည်။
မီနွန်သည် လက်ရှိတွင် ပြင်သစ်လက်ရွေးစင်အသင်း၏အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေပြီး (၂၄) ပွဲ ကစားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
