Top News

■ ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာကို ကာလရှည်အတွက် ဘာစီလိုအသင်း ပစ်မှတ်ထား     
24htopnews | September 27, 2024 7:12 PM CST

ဘာစီလိုနာအသင်းသည် ပေါ်တိုအသင်းမှ ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ဒီယိုဂိုကော်စတာကို ကာလရှည်အတွက် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် လက်ရှိအချိန်တွင် ပထမဂိုးသမား စတီဂန်ကို ရာသီကုန်အထိ အနားပေးရဖွယ်ရှိသည့်အတွက် ဂိုးသမားသစ် အရေးပေါ်ခေါ်ယူရမည့်အခြေအနေ ဖြစ်ပေါ်နေသည်။ 

ယင်းအတွက် ၀ါရင့်ဂိုးသမားတစ်ဦးကို ကာလတိုအစားထိုးရန် စီစဉ်နေသလို၊ ဒီယိုဂိုကော်စတာ(၂၅ နှစ်)ကို ပထမဂိုးသမားအဖြစ် ကာလရှည်နေရာပေးသွားရန် ချိန်ရွယ်နေကြောင်းလည်း သိရသည်။ 

ဒီယိုဂိုကော်စတာသည် လက်ရှိအချိန်၌ ပေါ်တူဂီလက်ရွေးစင်အသင်း၏ ပထမဂိုးသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်သည်။


READ NEXT
Cancel OK