ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းဖော် ယမားလ်သည် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။
ယမားလ်(၁၇ နှစ်)သည် ဘာစီလိုနာအသင်းအတွက် (၅၉)ပွဲကစားပြီးချိန်တွင် (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၄)ကြိမ် ပြုလုပ်ပေးထားသူဖြစ်သည်။
"ဒီအချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားပါပဲ။ သူ့အသက်က (၁၇)နှစ်ပဲ ရှိပါသေးတယ်။ ဘောလုံးသမားတစ်ယောက် ရဲ့ သက်တမ်းက အရမ်းရှည်ပါတယ်။ ကစားသမားဘဝကို ဘယ်လိုအစပြုသလဲဆိုတာထက် ဘယ်လိုအဆုံးသတ်သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ သူ့ကို အချိန်အကြာကြီးဖြတ်သန်းနိုင်စေချင်ပါတယ်"ဟု လီဝန်ဒေါစကီးက ဆိုခဲ့သည်။
ဘာစီလိုနာ၏ နာမည်ကျော်အကယ်ဒမီ လာမာစီယာထွက် ယမားလ်သည် အသက် (၁၅) နှစ်ကတည်းက ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်သည်။
၎င်းသည် လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း၏အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသလို၊ ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတွင်လည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်သည်။
ယမားလ်သည် ယခုရာသီတွင်လည်း ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၈) ပွဲတွင် (၄) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
