မန်ယူအသင်း၏ ကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားက မန်ယူအသင်းသို့ ပြန်လာရန် အမြဲအသင့်ရှိသည်ဟု ပြောကြားခဲ့သည်။
ဆိုးလ်ရှား(၅၁ နှစ်)သည် မန်ယူအသင်းတွင် ကစားသမားအဖြစ် ပွဲပေါင်း(၃၆၆)ပွဲ ကစားခဲ့သူဖြစ်ပြီး နည်းပြအဖြစ် ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။
ဆိုးလ်ရှားသည် မန်ယူနည်းပြဘဝတွင် ဆုဖလား အောင်မြင်မှု ရယူနိုင်ခြင်းမရှိခဲ့ဘဲ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိသာ ပို့ဆောင်ပေးနိုင်ခဲ့သည်။
သို့ သော် မန်ယူပရိသတ်များ၏ အားပေးထောက်ခံမှုရရှိခဲ့ပြီး ၂၀၂၁ ဇူလိုင်လ၌ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
သို့ရာ တွင် ၂၀၂၁-၂၂ ရာသီအတွင်း ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့သည့်အတွက် ၂၀၂၁ နိုဝင်ဘာလတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
ဆိုးလ်ရှားသည် မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် မည်သည့်အသင်းကိုမျှ ကိုင်တွယ်ခြင်းမရှိဘဲ လက်ရှိအချိန်အထိ အသင်းလက်မဲ့အဖြစ် ရပ်တည်လျက်ရှိသည်။
ယခုအခါ မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်ကို ရာထူးမှ ထုတ်ပယ်ပြီး အပြောင်းအလဲလုပ်ဖွယ်ရှိကြောင်း သတင်းထွက်လာသည့်အတွက် ဆိုးလ်ရှား၏ သဘောထားကို မေးမြန်းခဲ့ရာ ၎င်းက မန်ယူအသင်းသို့ ပြန်လာရန် အမြဲအသင့်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက အခြားအသင်းများကို မကိုင်တွယ်လိုဟုလည်း ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
