ဖလော်ရီယန်ဗက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀)ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်း ပြင်ဆင်နေ
24htopnews | September 27, 2024 7:12 PM CST
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် လေဗာကူဆင်အသင်း၏ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို လပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရှိရသည်။
အသက် (၂၁) နှစ်အရွယ်သာရှိသေးသည် ဖလော်ရီယန်ဗက်ဇ်သည် ပြီးခဲ့သည့်ရာသီက လေဗာကူဆင်အသင်း၏ ရှုံးပွဲမရှိ ချန်ပီယံဖြတ်သန်းမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း ဂျာမနီလက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။
ဂွါဒီယိုလာသည် ဘယ်တောင်ပံ တိုက်စစ်အတွက် ထပ်မံအားဖြည့်ရန် ဆန္ဒရှိနေခြင်းကြောင့် ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ဗက်ဇ်သည် အသင်း၏ဖီလော်ဆော်ဖီနှင့် ကိုက်ညီသည့် ကစားသမားဟုလည်း ယုံကြည်လျက်ရှိ၍ စံချိန်တင်ပြောင်းရွှေ့ကြေးပေးရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
