တာချီလိတ်မြို့ ၊ လွယ်တော်ခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်းကူး ယာယီတံတားဖြတ်သန်းခွင့်ကို ယနေ့ စက်တင်ဘာလ (၂၇)ရက် နံနက်ပိုင်း (၁၀)နာရီအချိန်တွင် ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားမှာ ဒေသတွင်းကျေးရွာများသို့ သွားလာရန် ချိတ်ဆက်ထားသည့် တံတားတစ်စင်းဖြစ်ပြီး ၊ ယခုလ စက်တင်ဘာလ (၁၀)ရက်နေ့ ညပိုင်းတွင် ရေစီးနှင့်မျောပါသွားခဲ့ပြီးနောက် ယာယီလူကူးဝါးတံတား ပြန်လည်ထိုးကာ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်သည်။
ယင်း လူကူးဝါးတံတားအား ကျပ်သိန်း (၂၂၀)ကုန်ကျခံဆောက်လုပ်ထားခြင်းဖြစ်ပြီး၊ တံတား အရှည်မှာ ပေ (၁၅၀) ၊အကျယ် (၆)ပေရှိကာ သံမဏိကြိုး (၇)ချောင်းဖြင့် သွယ်တန်းထားကာ ဝါးအခင်းပြုလုပ်ထားခြင်းဖြစ်သည်။
ဒေသတွင်း ရေကြီးရေလျှံမှုကြောင့် အဆိုပါ တံတားကျိုးပျက်သွားခဲ့ရသည့်အတွက် တံတားတစ်ဖက်ခြမ်းရှိ ကျေးရွာများအနေဖြင့် တာချီလိတ်မြို့တွင်းသို့ လာရောက်ရန် အခက်အခဲများဖြစ်ပေါ်နေရခြင်းကြောင့် ယာယီ လူကူးဝါးတံတားအား လတ်တလော စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ယာယီလူကူးဝါးတံတားကြံ့ခိုင်မှု အခြေအနေနှင့် ရေရှည်အသုံးပြုနိုင်ရန်နှင့် ဘေးကင်းစေရန်အတွက် ဆောင်ရွက်ထားသည်များကို ယနေ့ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများက သွားရောက် စစ်ဆေးကြည့် ရှု့ခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
