Royal-D U19 Futsal Championship 2024 ပြိုင်ပွဲဝင်ရောက်ရန် ပြိုင်ပွဲဝင်အသင်းများခေါ်ယူလျက်ရှိရာ သတ်မှတ်အသင်းအရေအတွက်ပြည့်မီရန် (၅)သင်း သာလိုကြောင်း မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်၊ ဖူဆယ်ကော်မတီထံမှ သိရသည်။
စက်တင်ဘာ (၂၆)ရက်အထိ ပြိုင်ပွဲဝင်ရန် စာရင်းလာရောက်ပေးသွင်းသည့် အသင်း (၂၇)သင်းရှိပြီဖြစ်ကာ သတ်မှတ်စည်းကမ်းချက်အရ (၃၂)သင်းကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်အသင်းစာရင်းပေးသွင်းခြင်းကို စက်တင်ဘာ (၃၀) ရက်အထိ နောက်ဆုံးသတ်မှတ်ထားသော်လည်း သတ်မှတ်ရက် မတိုင်မီ အသင်းအရေအတွက် (၃၂) သင်းပြည့်ပါက စာရင်းပေးသွင်းခြင်းကို လက်ခံတော့မည် မဟုတ်ကြောင်း ကော်မတီက အသိပေးထားသည်။
ပြိုင်ပွဲဝင်ရောက်လိုသော အသင်းများအနေဖြင့် အသင်းဝင်ကြေး ကျပ် (၂) သိန်းနှင့် Deposit ကျပ် (၁) သိန်းကို ပေးသွင်းရမည် ဖြစ်ကာ ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ကစားသမားမှတ်ပုံတင်ရာတွင် အနည်းဆုံး (၁၄) ဦးမှ (၁၆) ဦးအထိ (ဂိုးသမားနှစ်ဦး မဖြစ်မနေပါဝင်ရမည်) စာရင်းပေးသွင်းနိုင်ပြီး အုပ်ချုပ်နည်းပြအဖွဲ့ မှတ်ပုံတင်ရာတွင် အနည်းဆုံး (၃ )ဦးမှ အများဆုံး (၆ )ဦးအထိ မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီအနေဖြင့် AYA Pay Futsal Championship 2024 ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ ယခုလ စက်တင်ဘာ(၉) ရက်၌ ပြိုင်ပွဲပြီးဆုံးခဲ့ကာ ယင်းပြိုင်ပွဲအတွင်း MIU FC က ချန်ပီယံ ဆုကို ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
