အသက် (၁၂)နှစ်အရွယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ် ၊ ပေါက်မြိုင်ကျေးရွာအုပ်စု ၊ အောင်သုခကျေးရွာ၌ နေထိုင်သည့် လူငယ်လေး”မောင်ပေါများ” ကို ပညာသင်ကြားခွင့် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း အဆိုပါ ပညာသင်ဆုချီးမြှင့်ခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ယခု စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်တွင် အဆိုပါ လူငယ်လေးမှာ ၎င်း၏ ကျေးရွာသူ/ကျေးရွာသား (၇၀)ရာခိုင်နှုန်းခန့်ကို ကိုယ်ကျိုးစွန့်ကာစက်လှေဖြင့်(၂)ရက်နီးပါး ရေဘေးလွတ်ရာသို့ ကူညီကယ်တင်ခဲ့ခြင်းဖြစ် သည်။
အဆိုပါ ကလေ-းငယ်မှာ ၎င်းနေထိုင်ရာကျေးရွာ၌ တံငါအလုပ်အပြင် ဆိတ်မွေးမြူခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ကာ အခြေခံပညာမူလတန်းအဆင့် ဒုတိယတန်းအထိသာ ပညာသင်ကြားခဲ့ရသူတစ်ဦးဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် အဆိုပါ ကလေ-းငယ်ပညာ သင်ကြားခွင့်ရရှိရေးအတွက် ပညာသင်ဆုချီးမြှင့်ခဲ့သူက အခြေခံပညာအထက်တန်းအဆင့် (၁၂)တန်း ပြီးမြောက်သည်အထိ တာဝန်ယူ ကျောင်းထားပေးသွားမည်ဟု သိရသည်။
“သူကျောင်းတက်ဖို့ကို ကျွန်တော် အပြည့်အဝ တာဝန်ယူပေးထားပါတယ်။ (၁၂)တန်းအထိပေါ့နော်။ လောလောဆယ်သူက နှစ်တန်းအထိတက်နေတာ။ ရေဘေးကြောင့် ကျောင်းထွက်ထားတယ်လို့ သိရတယ်။ ဒါကလည်း သူ့ ပါစင်နယ်ကိစ္စဆိုတော့ မမေးတော့ပါဘူး။ကျွန်တော်ကတော့ သူကို စက်လှေကြီးနဲ့ အသက်မွေးကျောင်းပြုလိုက်တာထက် သူ့ကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ်။”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကလေ-းငယ်အား “ပိုရှာ ပိုလှူ၊ ပိုကူ ကြမယ်”အမည်ရှိ ရေဘေးသင့်ပြည်သူများကူညီရေးအဖွဲ့က ဖုန်းတစ်လုံး၊ ငွေကျပ်(၁၀)သိန်းနှင့် စက်လှေအသစ်တစ်စီးကိုလည်း ထပ်မံဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါလူငယ်လေး၏ လုပ်ရပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေမှုများပြုလုပ်ခဲ့ကြပြီး ၎င်းအနေဖြင့် အသက်အရွယ်နှင့်မမျှ ကိုယ်ကျိုးစွန့် ကူညီခဲ့မှုအား ဂုဏ်ယူကြောင်း မှတ်ချက်ပြုရေးသားထားခြင်းများလည်းတွေ့ရသည်။
ပုံစာ- မောင်ပေါများနှင့်အတူ ပညာသင်ဆု ပေးအပ်ခဲ့သူတစ်ဦး(Guu Guu)

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
