ပေကျင်း၊စက်တင်ဘာ ၂၇
ဂြိုဟ်တုဓါတ်ပုံများအရ တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် နျူကလီးယား စွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောကို တည်ဆောက်ဆဲအချိန်မှာပင် နစ်မြုပ်သွားခဲ့ကြောင်း အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။
ရေငုပ်သင်္ဘောတည်ဆောက်နေသည့် ဝူချန်သင်္ဘောကျင်းတွင် ကရိန်းများရှိနေသည်ကို ဇွန်လကဂြိုဟ်တုဓါတ်ပုံများမှတစ်ဆင့်မြင်တွေ့ခဲ့ရသဖြင့် တရုတ်နိုင်ငံ၏ ပထမဆုံး Zhou – class ရေငုပ်သင်္ဘောသည် မေလနှင့်ဇွန်လအတွင်းက နစ်မြုပ်သွားခြင်းဖြစ်မည်ဟုလည်းဆိုသည်။
သင်္ဘောအပိုင်းအစများကို ဆယ်ထုတ်ရန် ကရိန်းလိုအပ်သည့်အတွက် အဆိုပါကရိန်းများ ဓါတ်ပုံထဲတွင်ပါနေခြင်းဖြစ်ကြောင်း ရေငုပ်သင်္ဘောတည်ဆောက်ရာတွင် မအောင်မြင်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရေတပ်သင်္ဘောများကို အရှိန်အဟုန်ဖြင့် တည်ဆောက်နေကာ တရုတ်၏ဒေသတွင်းအင်အား ကြီးမားလာမှုနှင့် လုံခြုံရေးစွမ်းရည်တိုးတက်လာမှုများက အမေရိက၏အနာဂတ်လုံခြုံရေးအတွက် စိုးရိမ်မှုတစ်ခုလည်းဖြစ်လာခဲ့သည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ ယခုထွက်ပေါ်နေသည့် ရေငုပ်သင်္ဘောကိစ္စသတင်းများနှင့်ပတ်သက်၍ ၎င်းတို့မသိကြောင်း ပြောသည်။ ယခုသတင်းကို Wall Street ဂျာနယ်က ပထမဆုံးစတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
