ဘန်ကောက်၊စက်တင်ဘာ ၂၇
အစိုးရ၏ ထောက်ပံ့ကြေးငွေ ဘတ် ၁၀,၀၀၀ ရရှိသူများအနေဖြင့် သင့်လျော်သလိုအသုံးပြုနိုင်ပြီး မည်သို့မည်ပုံအသုံးပြုရမည်ဟူ၍ ကန့်သတ်ထားခြင်းမျိုးမရှိကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို ဗုဒ္ဓဟူးနေ့တွင် တရားဝင်စတင်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်၏ပထမအဆင့်လည်းဖြစ်သည်။ထောက်ပံ့ငွေကိုပြည်သူများ၏ ဘဏ်စာရင်းထဲသို့ထည့်ပေးသွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများကို ပြည်သူများက ကြွေးမြီဆပ်ရန်အသုံးပြုနိုင်သည်ဟူသော သတင်းများထွက်ပေါ်လာသဖြင့် ဒုတိယဝန်ကြီးချုပ်က အဆင်ပြေသလိုအသုံးပြုနိုင်ကြောင်းပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါကအစိုးရအနေနဲ့ ပြည်သူတွေကို ပေးထားတဲ့ကတိအတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်၊နောက်တစ်သုတ်အတွက်လည်း အရံသင့်ပြင်ထားပြီးဖြစ်လို့ ပထမအသုတ်ပြီးအောင်စောင့်နေတာပါ” ဟု ဆိုကာ ယခုအစီအစဉ်အား မဲရရန်မြူဆွယ်ခြင်းသာဖြစ်သည်ဟုဝေဖန်ခဲ့သူများကို တုန့်ပြန်ပြောကြားခဲ့သည်။
“ပြည်သူတွေအဆင်ပြေချောင်လည်ဖို့ပဲ အဓိကထားတာမို့ ဘယ်လိုပဲဝေဖန်ဝေဖန် အာရုံမထားပါဘူး” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ယခုအစီအစဉ်တွင် ပြည်နယ်လူမှုဖူလုံရေးကတ်ကိုင်ဆောင်ပြီး အဆိုပါကတ်ကို အမျိုးသားမှတ်ပုံတင်နံပါတ်များနှင့်ချိတ်ဆက်ထားသူတိုင်း ထောက်ပံ့ကြေး ဘတ် ၁၀,၀၀၀ ရရှိမည်ဖြစ်သည်ဟုဆိုသည်။
Source : ဘန်ကောက်ပို့စ်

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
