Top News

■ ကတ်တလန်ကလပ်နဲ့အတူ အမြင့်ပျံဖို့ကြိုးစားမယ့် ပါဘလိုတော်ရေး
24htopnews | September 27, 2024 10:12 PM CST

ပြီးခဲ့တဲ့ရက်သတ္တပတ်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ် (၆)မှာ ဘာစီလိုနာက ဗီလာရီးယဲလ်ကို (၅-၁)ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ဘာစီလိုနာအသင်းဟာ ၂၀၂၃ ဧပြီနောက်ပိုင်း ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ပါဘလိုတော်ရေးက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပါဘလိုတော်ရေးက "ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့လို့ တကယ်ကို ပျော်ရွှင်မိပါတယ်။ ယုံကြည်မှုပေးတဲ့ နည်းပြ ဟန်ဆီဖလစ်ခ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လာမယ့်ပွဲတွေမှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ"လို့ ဆိုခဲ့တယ်။


READ NEXT
Cancel OK