■ လေဗာကူဆင်တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း စိတ်ဝင်စားနေ
24htopnews | September 27, 2024 10:12 PM CST
ချယ်လ်ဆီးအသင်းသည် လေဗာကူဆင်တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမား ဘိုနီဖေ့စ်(၂၃ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲကစားကာ (၂၁)ဂိုးသွင်းယူခဲ့သည့်အတွက် ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည်။
၎င်း၏ စျေးကွက်တန်ဖိုးမှာ ယူရိုသန်း(၇၀)ဝန်းကျင်သာရှိမည်ဖြစ်သည့်အတွက် ချယ်လ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။
ဘိုနီဖေ့စ်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်းအပြင် ဥရောပထိပ်တန်းကစားသမားများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် ဘိုနီဖေ့စ်အပြင် ဂါလာတာစာရေးအသင်းတွင် တစ်ရာသီအငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကိုလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
