Top News

■ PSG အသင်းနှင့် သက်တမ်းတိုးရန် ဒွန်နာရမ်မာ၏အေးဂျင့် ဆွေးနွေးနေ
24htopnews | September 27, 2024 10:12 PM CST

အီတလီဂိုးသမား ဒွန်နာရမ်မာ၏ အေးဂျင့်ဖြစ်သူသည် PSG အသင်းနှင့် သက်တမ်းတိုးစာ ချုပ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။ 

ဒွန်နာရမ်မာသည် PSG အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြင်သစ်လိဂ်တွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားရန် ဆန္ဒရှိနေသည့်အတွက် အေးဂျင့်ဖြစ်သူက စာချုပ်သစ်အတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

အသက် (၂၅) နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် PSG အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ 

၎င်းသည် PSG အသင်းကို စရောက်ကတည်းက အသင်း၏နံပါတ် (၁) ဂိုးသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး (၃) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၁၁၈) ပွဲ ကစားထားသည်။ 

PSG အသင်း၌ တစ်နှစ်လစာ ယူရို(၈)သန်းရရှိနေသည့် ဒွန်နာရမ်မာသည် အသင်းပရိသတ်များ၏ အားပေးမှုရရှိနေကြောင်းလည်း သိရသည်။


READ NEXT
Cancel OK