ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ကစားသမားဘဝမှ အနားယူခဲ့သည့် ပြင်သစ်နောက်ခံလူ ဗာရန်း၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်နှင့် မန်ယူအသင်း၏ကစားသမားဟောင်း ဗာရန်းသည် အသက်(၃၁)နှစ်သာရှိသေးသော်လည်း ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒေးရွှမ့်က "ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဗာရန်းအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဗာရန်းသည် ကိုမိုအသင်းအတွက် တစ်ပွဲသာ ကစားခဲ့ပြီးနောက် အနားယူခဲ့ခြင်းဖြစ်သည်။
ဗာရန်းသည် ကစားသမားဘဝတွင် လန်းစ်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူနှင့် ကိုမိုအသင်းများတွင် ကစားခဲ့ပြီး ကလပ်အသင်းပွဲပေါင်း (၄၈၉) ပွဲတွင် (၂၁) ဂိုး သွင်းယူခဲ့သည်။
၎င်းသည် ရီးယဲလ်အသင်းနှင့်အတူ လာလီဂါဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်အပါအဝင် ဆုဖလား (၁၈) လုံးအထိ ရရှိခဲ့ပြီး မန်ယူအသင်းနှင့်အတူ FA ဖလားနှင့် လိဂ်ဖလားတို့ကို ရရှိခဲ့သည်။
ဗာရန်းသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၉၃) ပွဲအထိ ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားနှင့် ၂၀၂၀-၂၁ ရာသီ UEFA Nations League ဖလားများကို ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
