ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ရငွေပေးသွင်းရန်ကျန်ရှိသည့် လုပ်ငန်းရှင်များကို ဖြေလျှော့သည့်အနေဖြင့် သတ်မှတ်ထားသည့် ယခုနှစ်ကာလအတွင်း ပေးသွင်းပါက ၂၅-၇၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ရငွေများအပေါ် (၂၅) ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/ ၂၀၂၂) အရ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၃၇/၂၀၂၄) ဖြင့်ပြင်ဆင်သတ်မှတ်ပေးပြီးဖြစ်သည်။
ယခုအခါ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ရာတွင်ဖြေလျှော့ပေးသည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်အထိ တင်ပို့ခဲ့သည့် ED များအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၉) ရက်မှ နိုဝင်ဘာလ (၃၀) ရက် အတွင်း ပြန်လည်ပေးသွင်းသော Exporter များအား ၂၅ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်း အချိုးဖြင့် ခံစားခွင့်ပြုမည်ဖြစ် ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုလည်းကောင်း ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူခြင်းကိုလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းကိုလည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈) ရက်က အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ ပို့ကုန်တင်ပို့သူများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်အထိ တင်ပို့ခဲ့သည့် ပို့ကုန်ရငွေများကို ဖြေလျှော့ပေးထားသည့် ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၉)ရက်မှ နိုဝင်ဘာလ (၃၀) ရက်အတွင်း မပျက်မကွက်ပြန်လည်ပေးသွင်းကြရန် အသိပေးထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
