ယခင်နှစ်ထက် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နေပြည်တော်၌ ယနေ့ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၎င်းက မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် အရင်းအမြစ်များစွာပိုင်ဆိုင်ထားပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း(၁၀၀)ကျော် ပေါင်းစည်းနေထိုင်ကြကြောင်း ပြောသည်။
” မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ မဟာဗျုဟာမြောက်တည်ရှိပြီး မပျက်စီးသေးတဲ့ ကမ်းခြေခရီးစဉ်ဒေသတွေ မြင့်မားတဲ့တောင် တန်းတွေ ကျွန်းစုတွေနဲ့ မြေဩဇာကောင်းတဲ့လွင်ပြင်တွေ ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် ထူးခြားသည့်သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ချစ်ကြည်ရင်းနှီးစွာနေထိုင်သည့် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြရန် ဆွဲဆောင်နိုင်သည့်အရာများဖြစ်သည်ဟု ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၁ သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၏ ပထမငါးလအတွင်း ၅ သိန်းကျော်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်းပြောသည်။
ထို့ကြောင့် ဝန်ကြီးဌာနနှင့် ခရီးသွားအဖွဲ့အစည်းများအနေဖြင့် ခရီးသွားလုပ်ငန်းကိုမြှင့်တင် ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာသ တင်းအချက်အလက်များဖြန့်ဝေရာတွင် မြန်မာ နိုင်ငံ၏ ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များကို ခရီးသွားဧည့်သည်များထံအချိန်တိုအတွင်း ထိရောက်သိရှိစေမည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များမှလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
