နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည့်အတွက် နစကအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ဖြစ်နိုင်သည့်လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။
၎င်းမှ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ ယနေ့ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နစက အနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များကလည်း နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၌ အားတက်သရောပူးပေါင်းပါဝင်ဆောင်ရွက်ပါက တိုင်းရင်းသားဒေသများ လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာမည်ကိုလည်း ပြောကြားသည်။
“ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်နိုင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးရဲ့ အရသာနဲ့အသီးအပွင့်တွေကို ရရှိခံစားလာနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိဆူပူအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်ရေး ဒေသတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးလုပ်ဆောင်ကြရပါမယ်”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် “ခရီးသွားနှင့်ငြိမ်းချမ်းရေးလက်တွဲတူယှဉ်ဖော်ဆောင်ပေး”ဟူသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခရီးသွားလုပ်ငန်းကဏ္ဍ ဆောင်ရွက်သူများအားလုံး နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ တက်ညီလက်ညီပါဝင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
