Top News

ပြည်တွင်းခရီးစဉ်များကို လာရောက်လည်ပတ်ရန် မြန်မာကောင်စစ်ဝန်ချုပ်ဖိတ်ခေါ်
24htopnews | September 28, 2024 1:12 AM CST

မြန်မာနိုင်ငံ၏‌ ထင်ရှားကျော်ကြားသောခရီးစဉ်များကို လာရောက်လည်ပတ်ရန် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းက စက်တင်ဘာလ (၁၉)ရက်မှ (၂၅)ရက်အထိ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေး မဟာမိတ်အဖွဲ့ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်သည် နေပြည်တော်၏ သွားရောက်လည် ပတ်နိုင်မည့်နေရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးစဉ်လမ်းကြောင်းများဖြစ်သည့် ပုဂံယူနက်စကို ကမ္ဘာ့ အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော် ကျောက်မျက်ခန်းမနှင့် ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယ စကျင်ဗုဒ္ဓရုပ်ပွားတော်စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ် လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ်သည် “Economic Globalization and Cultural Diversity: Cultural Exchange and Tour ism Development of Silk Road Cities.” ခေါင်းစဉ်ဖြင့် မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များအနေ ဖြင့်လည်း မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအပြင် အခြားသော ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဖိတ်ခေါ်လိုကြောင်းလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK