နစက ၏ပြည်ထောင်စုဝန်ကြီး(၄)ဦးသည် ယမန်နေ့ စက်တင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mrs. Ponnam-peruma Arachchige Prabashini Ponnamperuma အားသီးခြားစီလက်ခံတွေ့ဆုံ ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်တွေ့ဆုံစဥ် နှစ်နိုင်ငံ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်
ခိုင်နှင့်တွေ့ဆုံချိန်တွင်နှစ်နိုင်ငံ ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ အပြန်အလှန် လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံကြား ဘာသာရေးနှင့် ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် နှစ်နိုင်ငံခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများတိုက်ရိုက် ပျံသန်းပြေးဆွဲရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာ- အိန္ဒိယ – သီရိလင်္ကာ – နီပေါ Buddhist Circuit ဗုဒ္ဓဘာသာဘုရားဖူးခရီးစဉ်များအကောင်အထည်ဖော်ရေး၊ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ(MoU)ကို ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံအစိုး ရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်နိုင်ရန် အွန်လိုင်းအစည်းအဝေးများ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်တွေ့ဆုံရာတွင်လည်း ဘာသာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး၊ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓစွယ်တော်တိုက်၊ ဗုဒ္ဓသာသနာဆိုင်ရာ အထင်ကရနေရာများသို့ဘုရားဖူးသွားရောက်သည့် ဘုရားဖူးပြည်သူများအတွက် ပြည်ဝင်ဗီဇာအဆင်ပြေမှုရှိစေရန် ကူညီဆောင်ရွက်ပေးရေး၊ နှစ်နိုင်ငံကြား ဘုရား၊ စေတီတော်များဖူးမြော်ကြည်ညိုခြင်းဆိုင်ရာများ၊ ဗုဒ္ဓတက္ကသိုလ်များကြား ကူးလူးဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်တွေ့ဆုံရာ၌ အပြန်အလှန်လေးစားမှုတို့ဖြင့် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပညာရှင်များကြား ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကျင်းပ၍ ပညာရပ်ဆိုင်ရာအတွေ့အကြုံများဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများနှင့် ရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
