မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းဘောလုံးပြိုင်ပွဲကျင်းပရန် လျာထားပွဲစဉ်များရေးဆွဲကာ ပြိုင်ပွဲကျင်းပခွင့်ရပါက ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့်အစီအစဉ်များဖြင့် သက်ဆိုင်ရာထံ တင်ပြထားခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်ရမရအတွက် သက်ဆိုင်ရာကလပ် အသင်းများထံ အကြောင်းကြားခြင်းမရှိသေးသလို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည် ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ညွှန်ကြားချက်များကို ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့်ခဲ့သောကြောင့် သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်ရန် မသေချာသေးကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းဘောလုံးပြိုင်ပွဲကျင်းပရန် လျာထားပွဲစဉ်များရေးဆွဲကာ ပြိုင်ပွဲကျင်းပခွင့်ရပါက ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့်အစီအစဉ်များဖြင့် သက်ဆိုင်ရာထံ တင်ပြထားခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်ရမရအတွက် သက်ဆိုင်ရာကလပ် အသင်းများထံ အကြောင်းကြားခြင်းမရှိသေးသလို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းလည်း သိရသည်။ လက်ရှိအနေ အထားကြောင့် ကလပ်အသင်းများအနေဖြင့် ပြိုင်ပွဲအကြိုပြင်ဆင်ရာတွင် အခက်အခဲများ ရှိနေပြီး ကလပ်အသင်းအချို့မှာမူ ဇွန် ၃၀ ရက်အထိ လေ့ကျင့်မှုပြုလုပ်ခြင်းမရှိသေးပေ။
"ကျွန်တော်တို့အနေနဲ့ အုပ်စုငယ်တွေ ခွဲပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် ပြိုင်ပွဲစတင်ဖို့ မသေချာသေးတဲ့ အနေအထားတွေကြောင့် ပြင်ဆင်မှုအပိုင်းမှာ အခက်အခဲရှိပါ တယ်။ COVID-19 ရောဂါအတွက် ညွှန်ကြားချက်တွေကို ဇူလိုင် ၁၅ ရက်အထိ တိုး မြှင့်လိုက်တာကြောင့် ဇူလိုင် ၁၆ ရက်မှာစတင်မယ့် စီစဉ်ထားတဲ့ MNL ပြိုင်ပွဲက အခြေအနေ ဘယ်လိုရှိမလဲ မသိသေးပါဘူး။ ဇူလိုင် ၁၅ ရက်အထိ တိုးလိုက်တယ်ဆိုတာ ဇွန် ၂၇ ရက် က ထုတ်ပြန်ခဲ့ပေမယ့် မြန်မာနေရှင်နယ်လိဂ်က ပြိုင်ပွဲကျင်းပနိုင်မယ့်အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။ ရောဂါ အခြေအနေကို နားလည်ပေမယ့် ဇူလိုင် ၁၆ ရက်မှာ မစဖြစ်ရင် ရက်ရွှေ့မှာလား၊ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ကြိုတင်စီစဉ်ထားစေချင်ပါတယ်" ဟု MNL ကလပ်အသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်သည် MNL ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်၊ MNL-2 ပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်၊ ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
