Top News

နောဝစ်ချ်နှင့် မန်ယူအသင်းကစားခဲ့သည့် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာဗြိတိန်တွင် ရုပ်သံကြည့်ရှုသူအများဆုံးပွဲအဖြစ် မှတ်တမ်းဝင်
24htopnews | September 28, 2024 10:13 AM CST

နောဝစ်ချ်-မန်ယူပွဲ ရုပ်သံကြည့်ရှုသူ အရေအတွက်သည် ဇွန်လ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်-လီဗာပူးလ် မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်တွင် စံချိန်တင်ထားသည့် ၅ ဒသမ ၅ သန်းကို ကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ် စံချိန်သစ်ဖြစ်ခဲ့သည်။ 

ဇွန်လ ၂၇ ရက်က FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်ကစားခဲ့သည့် နောဝစ်ချ်- မန်ယူပွဲမှာ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပြိုင်ပွဲများ ရပ်ဆိုင်းထားပြီးနောက် ပြန်ကစားသည့်အချိန်တွင် ရုပ်သံကြည့်ရှုသူအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အသင်းခေါင်းဆောင် မက်ဂွိုင်းရား၏ အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရခဲ့သည့် ယင်းပွဲကို ဗြိတိန်တွင်ရုပ်သံကြည့်ရှုသူ ၆ ဒသမ ၄ သန်းဖြင့် အများဆုံးဖြစ်ခဲ့သည်။ ယင်းပွဲကို BBC အွန်လိုင်းထုတ်လွှင့်မှုတစ်ခုတည်းမှပင် ကြည့်ုရှုသူ ၁ ဒသမ ၇ သန်းရှိခဲ့သည်။ နောဝစ်ချ်-မန်ယူပွဲ ရုပ်သံကြည့်ရှုသူ အရေအတွက်သည် ဇွန်လ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်-လီဗာပူးလ် မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်တွင် စံချိန်တင်ထားသည့် ၅ ဒသမ ၅ သန်းကို ကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ် စံချိန်သစ်ဖြစ်ခဲ့သည်။ 

အဆိုပါပွဲကို Sky Sports ၊ Pick TV စသည့် ရုပ်သံလိုင်းများမှ အခမဲ့ပြသခဲ့ပြီး နယူးကာဆယ်အသင်းကို အနိုင်ကစားခဲ့သည့် မန်စီးတီးအသင်း၏ FA ဖလားပွဲမှာလည်း ကြည့်ရှုသူ ၅ ဒသမ ၁ သန်း အထိရှိခဲ့သည်။ လာမည့် ဇူလိုင်လ ၁၈၊ ၁၉ ရက်များတွင် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မန်ယူ-ချယ်လ်ဆီး၊ အာဆင်နယ်- မန်စီးတီးစသည့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ အချင်းချင်းတွေ့ဆုံနေမှုကြောင့် ယင်းပွဲများမှာ ယခုစံချိန်တင်ထားသည့်အရေ အတွက်ကို ထပ်မံချိုးဖျက်ရန် နီးစပ်လျက်ရှိနေသည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

ဇွန်လ ၂၀ ရက်က ကစားခဲ့သည့် ဘုန်းမောက် (၀-၂) ခရစ္စတယ်ပဲလေ့စ်ပွဲတွင် ရုပ်သံကြည့်ရှုသူအရေအတွက် ၃ ဒသမ ၉ သန်းရှိခဲ့ပြီး ယင်းမှာ အဆိုပါစနေည ရုပ်သံအစီအစဉ်အားလုံးကြည့်ရှုသူပေါင်း၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဗြိတိန်အစိုးရသည် Top-flight လိဂ်ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် လက်ကျန်ပွဲများ၏ သုံးပုံတစ်ပုံကို အခမဲ့ပြသရန် တိုက်တွန်းခဲ့သည်။

နောဝစ်ချ်နှင့်ပွဲတွင် လူစားဝင်ကစားခဲ့သည့် မန်ယူကွင်းလယ်လူ မာတစ်က ပြီးခဲ့သည့်နှစ်က အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် နီးစပ်ခဲ့သော်လည်း လက်ရှိတွင် ဆိုးလ်ရှား၏ တပ်ဖွဲ့တွင် အရေးပါသည့်စစ်သည်တစ်ဦး ဖြစ်နေပြီဟု ကြုံးဝါးခဲ့သည်။ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်သူ ဆားဘီးယားလက်ရွေးစင် ကစားသမား မာတစ်သည် ပြီးခဲ့သည့်မတ်လကမှ အသင်းနှင့်စာချုပ်သက်တမ်းတိုးထားခဲ့ပြီး လက်ရှိစာချုပ်မှာ ၂၀၂၁ ဇွန်လ ၃၀ ရက် အထိဖြစ်သည်။


READ NEXT
Cancel OK