ယခုရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ရာသီအစ ပွဲစဉ် (၄) အပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခြင်းဖြစ်ပြီး စက်တင်ဘာတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းကလပ်အသင်းများသည် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဇော်မင်းထွန်း ပါဝင်ကစားနေသည့် ဆူခိုထိုင်းအသင်းမှာလည်း ဇွန် ၂၀ ရက်မှစ၍ ပုံမှန်လေ့ကျင့်လျက်ရှိသည်
ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းက အောက်တိုဘာတွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း အသင်းဘက်မှ ကမ်းလှမ်းမှု မရှိသေးကြောင်း ပြောကြားခဲ့သည်။
ယခုရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ရာသီအစ ပွဲစဉ် (၄) အပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခြင်းဖြစ်ပြီး စက်တင်ဘာတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းကလပ်အသင်းများသည် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဇော်မင်းထွန်း ပါဝင်ကစားနေသည့် ဆူခိုထိုင်းအသင်းမှာလည်း ဇွန် ၂၀ ရက်မှစ၍ ပုံမှန်လေ့ကျင့်လျက်ရှိသည်။ ဇော်မင်းထွန်းသည် ယခုရာသီအစတွင် ဆူခိုထိုင်းအသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေခြင်းဖြစ်ပြီး အောက်တိုဘာလကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
"ကျွန်တော်နဲ့ ဆူခိုထိုင်းအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်က အောက်တိုဘာလကုန်မှာ ကုန်ဆုံးမှာပါ။ ပြိုင်ပွဲက စက်တင်ဘာမှ ပြန်လည်ကျင်းပမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလလောက်မှ ပြိုင်ပွဲ ပြီးဆုံးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်း က ပုံမှန်လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာမျိုးတော့ မရှိသေးပါဘူး။ လစာကတော့ ဇွန်လကုန်အထိ လျှော့ထားတုန်းဖြစ်ပါတယ်။ ဇူလိုင်မှာတော့ ပုံမှန်ပြန်ရ၊ မရ မပြောတတ်သေးပါဘူး။ သူတို့လည်း ပြိုင်ပွဲရပ်နားထားရတာကြောင့် စပွန်ဆာအပါအဝင် ဝင်ငွေတွေ လျော့ကျနေတယ်လို့ သိရပါတယ်" ဟု ဇော်မင်းထွန်းက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုင်းလိဂ်တွင် ကစားနေသူများကို လစာတစ်ဝက်လျှော့ချခဲ့ပြီး ဇော်မင်းထွန်းအပါအဝင် ထိုင်းလိဂ်တွင် ပါဝင်ကစားနေသည့် မြန်မာကစားသမားအားလုံးမှာလည်း လစာရာခိုင်နှုန်း ၅၀ စီသာ ခံစားခွင့်ရရှိနေသည်။ ဆူခိုထိုင်းအသင်းသည် ရာသီအစတွင် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းနှင့်အတူ တိုက်စစ်မှူး ကျော်ကိုကို ကိုပါ ခေါ်ယူခဲ့သော်လည်း မေလတွင် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့သောကြောင့် ဇော်မင်းထွန်းတစ်ဦးသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ ဇော်မင်းထွန်းသည် ရာသီအစလေးပွဲတွင် နှစ်ပွဲ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ကျန်နှစ်ပွဲတွင် အရန်စာရင်း၌ ပါဝင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
