Top News

ဘာစီလိုနာအသင်းတွင် ယာနစ် ပျော်ရွှင်လိမ့်မည်ဟု ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ မှတ်ချက်ပြု
24htopnews | September 28, 2024 10:13 AM CST

ယာနစ်နှင့် ဘာစီလိုနာအသင်းမှ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ အာသာတို့၏ အပြန်အလှန်အပြောင်းအရွှေ့မှာ ဇွန်လ ၂၉ ရက်တွင် အပြီးသတ်ခဲ့ပြီး ကစားသမားနှစ်ဦးစလုံးမှာ လက်ရှိအသင်းများတွင် ရာသီကုန်အထိ ဆက်လက်ကစားသွားမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ သွားသည့် ဘော့စနီးယားလက်ရွေးစင်ကွင်းလယ်လူ ယာနစ်မှာ အသင်းသစ်တွင် ပျော်ရွှင်လိမ့်မည်ဟု ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက မှတ်ချက်ပြုခဲ့သည်။ 

ယာနစ်နှင့် ဘာစီလိုနာအသင်းမှ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ အာသာတို့၏ အပြန်အလှန်အပြောင်းအရွှေ့မှာ ဇွန်လ ၂၉ ရက်တွင် အပြီးသတ်ခဲ့ပြီး ကစားသမားနှစ်ဦးစလုံးမှာ လက်ရှိအသင်းများတွင် ရာသီကုန်အထိ ဆက်လက်ကစားသွားမည်ဖြစ်သည်။

"ဘာစီလိုနာအသင်းမှာ သူ(ယာနစ်) ပျော်ရွှင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကစားသမားဘဝကို အသင်းကြီးတစ်သင်းမှာ အဆုံးသတ်မှာ မို့လို့ပါ။ အခု အပြန်အလှန်အပြောင်းအရွှေ့က ကစားသမား နှစ်ဦးစလုံးအတွက် ကောင်းပါတယ်။ လက်ရှိမှာ သူတို့ လုပ်စရာရှိတာတွေကို အာရုံစိုက်ထားလို့ရပါပြီ။ အပြောင်းအရွှေ့စျေးကွက် ဖွင့်ဖို့က နှစ်လလောက်လိုနေသေးပြီး သူတို့မှာလည်း အရေးပါတဲ့ပွဲတချို့ကို ကစားဖို့ကျန်နေပါသေးတယ်။ စျေးကွက်အကြောင်းပြောရရင်တော့ ဒါက ကျွန်တော့်အတွက် ကြည်နူးမှု သိပ်မပေးပါဘူး။ အချက်အလက်ဝန်ထမ်း တချို့ကတော့ အာသာရဲ့အခြေအနေနဲ့ပတ်သက်ပြီး တိတိကျကျ လေ့လာထားပြီဖြစ်ပါလိမ့်မယ်" ဟု ဆာရီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်က ယခုအပြောင်းအရွှေ့ ကြောင့် အာသာ၏ခြေစွမ်းပိုင်းအတွက် ယုံမှားသံသယထားရှိရန် မလိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။


READ NEXT
Cancel OK