■ ဘာစီလိုနာ ၂-၂ အက်သလက်တီကို
လာလီဂါပွဲစဉ် (၃၂)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာ - အက်သလက်တီကိုပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပြီး (၂-၂)ဂိုးနဲ့ သရေကျခဲ့တာကြောင့် ဘာစီလိုနာရဲ့ လာလီဂါချန်ပီယံအိပ်မက်မှာ ဝေ၀ါးသွားပြီလို့ ဆိုရမှာပါ။
ဘာစီလိုနာနည်းပြ ဆယ်တီယန်ဟာ ဂရီးဇ်မန်းကို အရန်ခုံထားခဲ့ပြီး လူစုံပွဲထုတ်ခဲ့သလို၊ အက်သလက်တီကိုမှာလည်း ဟာအိုဖီလစ်ကို အရန်ခုံမှာထားခဲ့ကာ အဓိကကစားသမားတွေနဲ့ ဘာစီလိုနာကို ရင်ဆိုင်ခဲ့တာပါ။
ထိပ်ဆုံးက ရီးယဲလ်ကို ဖိအားပေးနိုင်ဖို့အတွက် ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းကို အနိုင်ရဖို့ ပွဲစကတည်းက ကြိုးပမ်းခဲ့ပြီး ပွဲချိန် (၁၁) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ထောင့်ကန်ဘောကို ကာကွယ်ဖို့ ကြိုးစားရင်း ဒီယေဂိုကော်စတာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးနောက်မှာ အက်သလက်တီကိုတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၁၉) မိနစ်မှာ ပယ်နယ်တီ ရခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ဂိုးဧရိယာထဲမှာ ဗီဒယ်လ်က ကာရက်စ်ကိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဘာစီလိုနာတို့ ပယ်နယ်တီပေးခဲ့ရတာပါ။
ဒီပယ်နယ်တီကို ဒီယေဂိုကော်စတာ ကန်သွင်းရာမှာ စတီဂန်ကာကွယ်နိုင်ခဲ့ပေမယ့် ဒီယေဂိုကော်စတာ ဘောလုံးစကန်ချိန်မှာ စတီဂန်အနေနဲ့ ဂိုးစည်းကို မနင်းဘဲ ရှေ့တက်ကာကွယ်ခဲ့တာကြောင့် ဒိုင်လူကြီးက ပြန်ကန်ခိုင်းခဲ့တာပါ။ ပြန်ကန်ခွင့်ရတဲ့ ပယ်နယ်တီကို ဆာအူလ်က အမှားအယွင်းမရှိ ကန်သွင်းကာ အက်သလက်တီကိုအတွက် ချေပဂိုး ရယူခဲ့ပြီး ပထမပိုင်းမှာ (၁-၁) ဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စတာနဲ့ ဘာစီလိုနာတို့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၅၀)မိနစ်မှာ ဆယ်မီဒိုကို အက်သလက်တီကိုနောက်ခံလူ ဖီလစ်ပီ ဖျက်ထုတ်တာ ကြမ်းလို့ ဘာစီလိုနာတို့ ပယ်နယ်တီ ရခဲ့ပါတယ်။
ဒီပယ်နယ်တီကို မက်ဆီက လှလှပပကန်သွင်းယူပြီး ဘာစီလိုနာအသင်းကို (၂-၁)ဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။ ဒီဂိုးဟာ မက်ဆီအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုး (၇၀၀)ပြည့်မြောက်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာ နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ကြပြီး ပွဲချိန် (၆၂) မိနစ်မှာ အက်သလက်တီကိုအသင်း ပယ်နယ်တီ ရခဲ့ပြန်ပါတယ်။ ကာရက်စ်ကိုကို ဘာစီလိုနာနောက်ခံလူက ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီပေးခဲ့တာဖြစ်ပြီး ဒီပယ်နယ်တီဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
အဲဒီပယ်နယ်တီကိုလည်း ဆာအူလ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ အက်သလက်တီကိုတို့ ဒုတိယချေပဂိုး ရရှိခဲ့ပါတယ်။ သရေကျသွားပြီးနောက်မှာ ဘာစီလိုနာအသင်းဟာ တိုက်စစ်ဖွင့်ပြီး အက်သလက်တီကိုဘက်ကို ထိုးဖောက်ကစားခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာတိုက်စစ်ကစားသမားတွေ အသုံးချနိုင်ခြင်းမရှိသလို၊ အက်သလက်တီကိုနောက်တန်းနဲ့ ဂိုးသမားတို့ အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ဘာစီလိုနာတို့ အနိုင်ဂိုးမရတော့ဘဲ (၂-၂)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာအတွက် ဒီသရေပွဲဟာ နစ်နာလွန်းပြီး ရီးယဲလ်အသင်းသာ ဂီတာဖေးကို အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ကွာဟမှုဟာ (၄)မှတ်အထိ ရှိသွားမှာဖြစ်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
