Top News

လာလီဂါပွဲစဉ် (၃၃) ပွဲကြို သုံးသပ်ချက်
24htopnews | September 28, 2024 10:13 AM CST

အလာဗတ်စ် - ဂရန်နာဒါ (မြန်မာစံတော်ချိန် ဇူလိုင် ၁ ရက်၊ ည ၁၂:၀၀ နာရီ)

နှစ်သင်းစလုံးခြေစွမ်းတွေ လတ်တလောအားရစရာမရှိ လှပါဘူး။ အထူးသဖြင့် အလာဗတ်စ်က ပိုဆိုးနေသလိုပဲ။ ဂရန်နာဒါကတော့ ဘာပဲပြောပြော အဝေးကွင်းပွဲကို ထိန်းကစားပြနေသေးတယ်။ ဒါပေမဲ့ ဒီနှစ်သင်းတွေ့ရင် အိမ်ရှင်က အသာရလေ့ရှိတဲ့အစဉ်အလာရှိလို့ အလာဗတ်စ်ကိုပဲ ရွေးထားချင်တယ်။

ဗလင်စီယာ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဇူလိုင် ၁ ရက်၊ ည ၁၂:၀၀ နာရီ)

ဒီနှစ်သင်းမှာ ဘီလ်ဘာအိုကစားပုံက ပိုငြိမ်နေတယ်။ အဝေးကွင်းမှာလည်း ထိန်းကစားနိုင်စွမ်းရှိနေတယ်။ ဗလင်စီယာကတော့ ခံစစ်လူစုံလာပေမယ့် ကစားအားထင်သလောက် တက်မလာသေးဘူး။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးရဖို့ရုန်းနေရသေးတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုကို အစဉ်အလာအရ အသာရလေ့ရှိတာက ဗလင်စီယာအတွက် အားသာမှုလိုတော့ဖြစ်နေတယ်။ အိမ်ရှင်လည်းဖြစ်နေလို့ ဒီပွဲကို အရှုံးပေးရလောက်တဲ့အထိတော့ မဖြစ်ပါဘူး။ သရေကျမယ်။ ဂိုးနည်းတဲ့ပွဲပဲဖြစ်မယ်။

ဘက်တစ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက်၊ နံနက် ၂:၃၀ နာရီ)

ယာယီနည်းပြလက်ထဲ ဘက်တစ် အသားကျလာပြီလားဆိုတာ ကြည့်ရမယ်။ ယာယီနည်းပြရဲ့ အိမ်ကွင်းအဖွင့်ကတော့ မဆိုးခဲ့ဘူး။ အဲဒီအိမ်ကွင်းအရှိန်ကို ဘက်တစ် ဆက်ထိန်းထားဖို့လိုလိမ့်မယ်။ ဗီလာရီးယဲလ်ကလည်း COVID-19 အလွန်ပြောင်းလဲလာတဲ့ကစားပုံနဲ့ အလုပ်ဖြစ်နေတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက စုစည်းမှုပိုကောင်းလာခဲ့ပြီး ပိုပြီးမာမာကျောကျော ရှိလာတယ်။ ပုံစံကောင်းရနေတဲ့ ဗီလာရီးယဲလ်ရဲ့ ခံစစ်အားက တိုက်စစ်ပိုင်းပုံမှန်မရှိသေးတဲ့ ဘက်တစ်အတွက် ဂိုးရရေးအတွက် စိန်ခေါ်မှုတစ်ခုလို ရှိနေဦးမယ်ထင်တယ်။ ဗီလာရီးယဲလ်ကိုပဲ ပိုကြိုက်တယ်။ ဂိုးနည်းနိုင်တယ်။

ဗယ်လာဒိုလစ် - လီဗန်တေး (မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက်၊ နံနက် ၂:၃၀ နာရီ)

COVID-19 ကာလဘောလုံးပွဲတွေပြန်စချိန်မှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းနဲ့ ကြိုးစားမှုအပိုင်းကတော့ အားရစရာပါပဲ။ နှစ်သင်းစလုံး အမှတ်သိပ်မလိုဘဲ ဖိအားကင်းနေကြတာကလည်း ကစားပုံကို သက်သောင့်သက်သာရှိစေတယ်။ အခုပွဲတော့ အိမ်ရှင် ဗယ်လာဒိုလစ်နဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

 


READ NEXT
Cancel OK