■ ဘရိုက်တန် ၀-၃ မန်ယူ
ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)ရဲ့ ဘရိုက်တန်-မန်ယူပွဲမှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ မန်ယူနဲ့ တန်းဆင်းဇုန်အန္တရာယ်က လွတ်အောင် ကြိုးစားနေတဲ့ ဘရိုက်တန်တို့ဟာ အကောင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်ခဲ့တာပါ။
မန်ယူအသင်းမှာ ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်အတွဲဟာ အလုပ်ဖြစ်နေပြီး ဒီပွဲမှာလည်း ပွဲအစပိုင်းကတည်းက ကစားကွက်အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဘရိုက်တန်အနေနဲ့ မန်ယူအသင်းကို တန်ပြန်တိုက်စစ်ကနေ ဒုက္ခပေးဖို့လောက်ပဲ လုပ်နိုင်ခဲ့တာပါ။
မန်ယူအတွက် အဖွင့်ဂိုးကို (၁၆)မိနစ်မှာပဲ ဝမ်ဘစ်ဆာကာရဲ့ ပေးပို့မှုကနေ ဂရင်းဝုဒ်က ဘရိုက်တန်နောက်ခံလူတွေ တားဆီးဖို့ ကြိုးစားနေတဲ့ကြားကသွင်းယူခဲ့ပါတယ်။
ဒီဂိုးဟာ အသက် (၁၈)နှစ်အရွယ် ဂရင်းဝုဒ်အတွက် ဒီရာသီ ပြိုင်ပွဲစုံ (၁၃)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာလည်း မန်ယူပဲ ဂိုးသွင်းခွင့်တွေရရှိခဲ့ပြီး ပွဲချိန် (၂၉)မိနစ်မှာတော့ ပေါ့ဘာနဲ့ ပေးပို့မှုကနေ ဘရူနိုဖာနန်ဒက်စ် ကန်သွင်းရာမှာ ဘရိုက်တန်ကစားသမားနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့လို့ မန်ယူတို့ ဒုတိယဦးဆောင်ဂိုးရခဲ့ပါတယ်။
ပထမပိုင်းမှာ မန်ယူအသင်းက (၂-၀) ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်အစမှာလည်း ဘရိုက်တန်ကို ဖိကစားခဲ့တာပါ။
ပွဲချိန် (၅၀)မိနစ်မှာတော့ ဂရင်းဝုဒ် ဘယ်တောင်ပံက ချပေးတာကို ဘရူနိုဖာနန်ဒက်စ်က လှလှပပကန်သွင်းယူပြီး မန်ယူအတွက် တတိယဂိုးသွင်းပေးခဲ့ပြန်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပရီးမီးယားလိဂ် (၈)ပွဲကစားရာမှာ ဂိုးပါဝင်ပတ်သက်မှု (၈)ကြိမ် (၅ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး)အထိ ရှိလာခဲ့ပါတယ်။
(၃)ဂိုးပြတ်သွားပြီးနောက်မှာတော့ မန်ယူအသင်း အပြောင်းအလဲတချို့ ပြုလုပ်ပြီး ကစားအားချခဲ့တာကြောင့် ဘရိုက်တန်အသင်း အခွင့်အရေးအချို့ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ မန်ယူနောက်တန်းနဲ့ ဂိုးသမားတို့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဘရိုက်တန် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ (၃)ဂိုးပြတ် အနိုင်ရပြီး အဆင့် (၅)နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
