Top News

ဆာနေးအား ယူရိုသန်း (၆၀)ဖြင့် ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း သဘောတူညီမှုရခဲ့ပြီဟု Bild ဖော်ပြ
24htopnews | September 28, 2024 10:13 AM CST

ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်တောင်ပံကစားသမား ဆာနေးအား ယူရိုသန်း (၆၀)ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဆာနေး၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်စီးတီးအသင်းက စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းခဲ့သော်လည်း ဆာနေးက ငြင်းပယ်ခဲ့သည်။ 

ထို့ကြောင့် မန်စီးတီးအသင်းသည် ဆာနေးကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသဖြင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ပြီး ယခုအခါ ဘိုင်ယန်မြူးနစ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေးအတွက် မန်စီးတီးအသင်းကို ကနဦး ယူရို (၄၉)သန်း ပေးချေမည်ဖြစ်ပြီး Add-ons အဖြစ် ယူရို (၁၁)သန်း ထပ်မံပေးချေရမည်ဖြစ်သည်။ 

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဆာနေးကို ပြန်လည်ရောင်းထုတ်မည်ဆိုပါက ပြောင်းရွှေ့ကြေး၏ (၁၀)ရာခိုင်နှုန်းကိုလည်း မန်စီးတီးအသင်းကို ပေးချေရန် သဘောတူခဲ့ကြောင်း သိရသည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ ဂျာမန်တောင်ပံကစားသမား ဆာနေးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် (၅)နှစ်သက်တမ်းရှိ စာချုပ်သက်တစ်ရပ် ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်လစာ ယူရို (၂၂)သန်းအထိ ရရှိဖွယ်ရှိနေကြောင်း သိရသည်။ 


READ NEXT
Cancel OK