တိုကျို၊စက်တင်ဘာ ၂၇
ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါ၏လမ်းညွှန်မှုဖြင့် ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေယာဉ်တစ်စင်း သည် ထိုင်ဝမ်ရေလက်ကြား၌ ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းသွားလာခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များကပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဂျပန်ဖျက်သင်္ဘော ဆာဇနာမိသည် သြစတြေးလျနှင့်နူးဇီလန်မှ စစ်သင်္ဘောများနှင့်အတူ အရှေ့တရုတ်ပင်လယ်မှ တောင်ဘက်သို့ဦးတည်ကာ တရုတ်နှင့်ထိုင်ဝမ်ကြားရှိ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းခဲ့ကြောင်းသိရသည်။
အဆိုပါသင်္ဘောများသည် ဒေသတွင်း၌ ပေကျင်း၏ စစ်အင်အားပြသလာမှုကိုတန်ပြန်ရန် ရည်ရွယ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် တောင်တရုတ်ပင်လယ်သို့ ဦးတည်သွားနေခြင်းဖြစ်နိုင်သည်ဟုယူဆကြသည်။
အစိုးရအတွင်းဝန်ချုပ် ယိုရှီမာဆာဟာယရှိကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ပြီး ယခုကိစ္စသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးဆိုင်ရာကိစ္စသာဖြစ်သည်ဟုပြောကြားခဲ့ပြီး တိုကျိုအနေဖြင့် ပေကျင်းကို ရန်စလိုမှုမရှိဟုလည်းအစိုးရသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမူ ပေကျင်းသည် ဂျပန်သင်္ဘောဖြတ်သန်းမှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး အိမ်နီးချင်းနိုင်ငံတိုကျို၏လှုပ်ရှားမှုနှင့် နိုင်ငံရေး ရည်ရွယ်ချက်များကို အထူးသတိထားစောင့်ကြည့်နေကြောင်းလည်းပြောကြားခဲ့သည်။
Source : ကျိုဒို
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
