ယနေ့(စက်တင်ဘာ ၂၈) ရက်တွင် Underground Cable ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် မရမ်းကုန်းမြို့နယ် နှင့် ရန်ကင်းမြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မရမ်းကုန်းမြို့နယ်၊ 66kV တောင်ကမ္ဘာအေး ဓာတ်အားခွဲရုံရှိ 66/11-6.6kV, 30MVA ထရန်စဖော်မာ အား အသစ်တည်ဆောက်ပြီးသည့် 66kV GIS ဖြင့် ပြောင်းလဲ ဓာတ်အားပို့လွှတ်နိုင်ရန် 66kV Underground Cable ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် 66kV စိန်ပန်းမြိုင်-တောင်ကမ္ဘာအေး ဓာတ်အားလိုင်းအား နံနက် ၁၀နာရီ မှ နေ့လည် ၂ နာရီအထိ အချိန်ပိုင်းယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း မရမ်းကုန်းမြို့နယ် နှင့် ရန်ကင်းမြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း နှင့် ဓာတ်အားပြတ် တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေး အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
